တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဘုတ်ပြင်း ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲချိန်က ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဘုတ်ပြင်းမြို့နယ် ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင် (၂) ကျေးရွာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် သဘာဝစိမ့်စမ်းရေ သွယ်တန်း၍ မြို့ရေပေးဝေရေးလုပ်ငန်းများဖြစ်သည့် ရေသန့်စင်စနစ်အတွင်း ပိုက်လိုင်းသွယ်တန်းခြင်း၊  ရေကြည်စုကန်၊ ရေစစ်ကန်၊ ရေစုကန်၊ ရေသန့်စင်စက်ရုံအဆောက်အဦနှင့်ရေပေးဝေရေးလုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးကာ တာဝန်ယူဆောင်ရွက်နေ့သည့် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများအား  လုပ်ငန်းများသတ်မှတ်အရည်အသွေးစံနှုန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် အေးချမ်းမြိုင် (၁) ကျေးရွာ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၁၂.၁၄) သန်းဖြင့် ကျေးရွာတွင် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမူအခြေအနေများ၊ ကျေးရွာရေကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လက်ရှိရေလည်ပတ်သုံးစွဲနေမှုအခြေအနေများ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် ပတ်သက်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ရွှေဘုံသာရပ်ကွက်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် Lot-7 (၁၅၃ ပေ ×၂၅ ပေ­­) ဝန်ထမ်းအိမ်ရာ (၆) ခန်းတွဲ (၄) ထပ် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)