ဘုတ်ပြင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

ဘုတ်ပြင်း  ဒီဇင်ဘာ  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာ  ၁၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ဆောင်ရွက်လျက်ရှိသည်။

တိုက်ဆိုင်စစ်ဆေးရာတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာပြီးနောက် မဲစာရင်းတွင် ပါဝင်ခြင်းမရှိ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူများ၊ ကန့်ကွက်လွှာ ပုံစံ(၄)၊ ပြင်ဆင်လွှာ ပုံစံ(၄-ဂ) တို့ဖြင့် လျှောက်ထားသည့် လျှောက်လွှာပါ အချက်အလက်များနှင့်ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်ဝန်ထမ်းများကပူးပေါင်း၍  လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ e­­ID Sever ဖြင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိရာ  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးမျိုးသန်းတို့က ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)