ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းနှင့် မိခင်နှင့်ကလေးကျန်းမာရေးပညာပေးခြင်း ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီက ခမောက်ကြီးမြို့ (၃၈) ယုဇနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။