တနင်္သာရီ ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက နေရပ်စွန့်ခွာပြည်သူများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့အတွက် တစ်ဦးလျှင် ချီးမြှင့်ငွေကျပ် (၆၀၀၀၀/-)စီဖြင့် ပြည်သူ(၃၃၁)ဦးအတွက် ငွေကျပ်(၁၉၈၆၀၀၀၀/-)ကို ပေးအပ်ခဲ့ပြီး အခမ်းအနားသို့တက်ရောက် လာသောပြည်သူများအား ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းသူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
သီသီခိုင်(ပြန်/ဆက်)