ပုလောမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဥ္စမနေ့ ရူပ‌ဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို

ပုလော  မတ်  ၁၆

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပုလောမြို့နယ်အတွင်းရှိ အ.ထ.က(၁) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ ပဥ္စမနေ့ ရူပ‌ဗေဒဘာသာရပ်ကို မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီ တွင် အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပုလောမြို့နယ်၌ စာရင်းရှိ ၂၅၂ ဦးတွင် ၃၃၄ ဦး ၉၄.၈၉% ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလောပြန်/ဆက်)