ထားဝယ် မတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို မတ်လ ၁၂ ရက် နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး ကျေးလက်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က နိုင်ငံ့လူဦးရေး၏ ၇၀% သည် ကျေးလက်ဒေသတွင်နေထိုင်ကြပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှ နိုင်ငံတော်ဖွံဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries)ဖွံဖြိုးတိုက်တက်မှုမှသည် ပြည်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်မြှင့်တင်ရေးအတွက် ဦးတည်ချက်ချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီဝင်ဌာနများအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့နှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများတွင်ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်က လုပ်ငန်းကြီးကြပ်မှုကော်မတီအား ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်လင်းတင်ပြပြီး ကော်မတီဝင်များက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)