ဘုတ်ပြင်း မတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှစတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တတိယနေ့အဖြစ် သင်္ချာဘာသာကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာဖြေဆိုပြီးသည့် ကျောင်းသား/ကျောင်းသူများကို ဘုတ်ပြင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များကစုပေါင်း၍ ကျောင်းသား/ကျောင်းသူများကို အားဖြည့်အချိုရေ၊ အာဟာရပြည့်မုန့်နှင့် ရေသန့်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)