တနင်္သာရီတိုင်းဒေသကြီး

ကရသူရိမြို့၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်ရောဂါဝေဒနာရှင် ပြည်သူများနှင့် ကျောက်ကပ်ဆေးရမည့် ဝေဒနာရှင်များ အဘက်ဘက်မှ ဆေးကုသမှု အဆင်ပြေစေရေး မတည်အလှူငွေ ပေးအပ်ပွဲတက်ရောက်   

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က  မြိတ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျောက်ကပ်ရောဂါ ဝေဒနာရှင် ပြည်သူများနှင့် ကျောက်ကပ်ဆေးရမည့် ဝေဒနာရှင်များ အဘက်ဘက်မှ ဆေးကုသမှု အဆင်ပြေစေရေးအတွက် မတည်အလှူငွေပေးအပ်ပွဲသို့ တက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားကုန်များပေးအပ်ပြီး သားဖွားသင်တန်းကျောင်း၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းပြင်ပပညာရေး သင်ကြားသင်ယူနေမှုအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအားတွေ့ဆုံ၍ အခြေခံစားကုန်များပေးအပ်ပြီး သားဖွားသင်တန်းကျောင်း၏ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ကျောင်းပြင်ပပညာရေး သင်ကြားသင်ယူနေမှုအား ကြည့်ရှုအားပေးပြီး သင်ထောက်ကူများ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သဘာဝမြေဩဇာပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိန်ကိုက်၊ အချိုးကျ၊ ကြဲပက်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက  မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပသည့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာပေးအပ်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက်၊ အချိုးကျ၊ ကြဲပက်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်မြို့ရှိ ငါးသေတ္တာကုန်ချောထုတ်လုပ်နေမှု၊ စပါးခွံဖြင့် ထင်းအစားထိုးလောင်စာဆောင်ရွက်မှု၊ ဆိုလာစွမ်းအင်ဖြင့် ဆန်စက်လည်ပတ်မှုနှင့် ကျေးလက်နေပြည်သူများအား အထူးကုဆရာဝန်များ ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးမှု ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့နယ်တွင် ငါးသေတ္တာ ကုန်ချောထုတ်လုပ်မှု၊ ပိုလျှံစပါးခွံဖြင့် ထင်းအစားထိုးလောင်စာဆောင်ရွက်မှု၊ ဆိုလာစွမ်းအင်ဖြင့် ဆန်စက်လည်ပတ်မှုနှင့် ကျေးလက်နေပြည်သူများအား မြိတ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ ကွင်းဆင်း၍ အခမဲ့ဆေးကုသ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့အား ကြည့်ရှုအားပေးကြောင်း သိရသည်။

ထားဝယ်မြို့၌ ရွေးကောက်ပွဲဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

ရွေးကောက်ပွဲဥပဒေအသိပညာပေး ဟောပြောပွဲကိုယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်း အဝေးခန်းမ၌ကျင်းပသည်။ ဟောပြောပွဲတွင် တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းကရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်းပြောကြားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲ စနစ်များ အကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့၌ ထင်းအစားထိုး လောင်စာဆောင်ရွက်မှု၊ ဆိုလာစွမ်းအင်ဖြင့် ဆန်စက်လည်ပတ်မှု ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့နယ်တွင် ငါးသေတ္တာကုန်ချောထုတ်လုပ်မှု၊ ပိုလျှံစပါးခွံဖြင့် ထင်းအစားထိုးလောင်စာဆောင်ရွက်မှု၊ ဆိုလာစွမ်းအင်ဖြင့် ဆန်စက်လည်ပတ်မှုနှင့် ကျေးလက်နေပြည်သူများအား မြိတ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ ကွင်းဆင်း၍ အခမဲ့ဆေးကုသ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့အား ကြည့်ရှုအားပေးကြသည်။

ကရသူရိမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်  ကရသူရိမြို့ မြို့ဦးဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက မြို့အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ဝါဆိုသင်္ကန်းနှင့်  ဆွမ်းဆက်ကပ် လှူဒါန်းမှုပြုလုပ်သည်။

ကော့ကရိတ်မြို့၌ (အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား  Unique Identity ကတ်များထုတ်ပေးလျက်ရှိ

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့ကရိတ်မြို့နယ်ရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် UIDကတ်များဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး UID ကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး