ကော့သောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲများ ဆောင်ရွက်

ကော့သောင်း မတ်လ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်၊ စာစောင်ပြပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက" ဌာန၏ လုပ်ငန်းတာဝန်များ၊စာဖတ်ခြင်းအလေ့အထ ပြုစုပျိုးထောင်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ သိသင့်သိထိုက်သည့် ဗဟုသုတရစရာအကြောင်းအရာများ အသိပညာပေးဟောပြောခဲ့ပြီး သုတ/ရသ စာအုပ်စာစောင်ပြပွဲများ၊ Mini Museum ပြခန်း၊ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာများ၊ စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူငယ်များသိသင့်သိထိုက်သည့် နံရံကပ်စာစောင်များအား ကျောင်းသား၊ သူများ စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)