လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာနှင့် စခန်းကြီးကျေးရွာတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) သရုပ်ပြရှင်းလင်းခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)သရုပ်ပြရှင်းလင်းခြင်းနှင့် စမ်းသပ်မဲပေးခြင်းများကွင်းဆင်း ဆောင်ရွက်ခြင်းကို လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း၊ စခန်းကြီးကျေးရွာ၊ အမှတ်(၁၀၄)ခြေလျင်တပ်ရင်းခန်းမ၌လည်းကောင်း ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။