တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီးအဆင့်အသက်(၁၈)နှစ်အောက် အခြေခံ ပညာ ကျောင်းသားအားကစား ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၂ ရက် ညနေပိုင်း က ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။ အဆိုပါ အားကစားပြိုင်ပွဲသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်မှ (၂၉) ရက်ထိ ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့်(၁၄)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပွဲတော် သွားရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီး လက်ရွေးစင်များရွေးချယ်နိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။