ပုလောမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးသူငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့ အမှတ်(၁)ရပ်ကွက်ရှိ မိခင်နှင့်ကလေးဆေးခန်း၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေး စောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။