ထားဝယ်မြို့တွင်၂၀၂၅ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများစတင်ထုတ်ချေး

ထားဝယ်  မေ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲထားဝယ်မြို့မှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက်ပိုင်းတွင် စတင်ထုတ်ချေးပေးခဲ့သည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက အဖွဲ့ဝင် တောင်သူများသို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးသည်။

ထို့သို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု (၈)အုပ်စုမှ အဖွဲ့ဝင်တောင်သူ (၇၆)ဦးသို့ (၆၈၈.၅၀)သိန်းထုတ်ချေးပေးရန်လျာထားပြီး ကျောက်မော်ရပ်ကွက်သို့  စတင်ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)