ပြည်ကြီးမဏ္ဍိုင် မေ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ပြည်သူများသည် နှစ်ရှည်၊ နှစ်တိုဉယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းအပြင် သဘာဝတောတောင်များမှထွက်ရှိသည့် ရာသီပေါ်သီနှံများကို ဆွတ်ခူးရောင်းချလျက်ရှိရာ ဒေသထွက်တညင်းသီးများဈေးကောင်းရရှိသဖြင့် မြို့နေပြည်သူများ ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ တောများတွင် တညင်းပင်များ အလေ့ကျပေါက်လျက်ရှိပြီး တညင်းရွက် များမှာ(၁၂)ရာသီပတ်လုံးရရှိ၍ ဆောင်းရာသီကုန်ခါနီးတွင် တညင်းပန်းများစတင်ထွက်ရှိပြီး ပန်းမှ အသီးအဖြစ်သို့ရောက်ရှိလာရာ ယခုအခါ တညင်းသီးများ ရင့်မှည့်လာသည့်အတွက် မြို့အတွင်းရှိ ပြည်သူများမှ ခူးဆွတ်ရောင်းချလျက်ရှိရာ နို့ဆီဘူးတစ်ဘူးလျှင်(၈၀၀)ကျပ်၊ တစ်ပြည်လျှင် (၆၀၀၀) ကျပ်ထိဈေးကောင်းရရှိလျက်ရှိသည်။
အဆိုပါ ဒေသခေါ် တညင်းပင်မှပန်းအပြင် အရွက်နှင့် အသီးများပါထွက်ရှိပြီး၎င်းတို့အား ဟင်းလျာ တစ်မျိုးအဖြစ် အမျိုးမျိုးပြုလုပ်၍ စားသုံးနိုင်ပြီး အသီးအနုများအား ဟင်းချက်စားသုံးနိုင်၍ အသီးအရင့်အားပြုတ်၍ သရေစာအဖြစ် စားသုံးလျက်ရှိကြကြောင်းသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)