ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်

ပုလော မေ ၂၉

ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ ကျောင်းသား၊ ကျောင်းသူလေးများက “ကျောင်းနေအရွယ် ကလေးအားလုံးစဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” တေးသီးချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပုလောမြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက ပုလောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံမှု အခြေအနေများနှင့် ကလေးအားလုံး ပညာလေ့လာဆည်းပူးနိုင်ရေး မိဘဆရာနှင့် ရပ်ရွာလူထုက ပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး၊ ပုလောမြို့နယ်အတွင် အခြေခံပညာကျောင်းများတွင် ပညာလေ့လာသင်ယူမည့် Kg to Grade-12 ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်၊ ဗလာ စာအုပ်၊ မင်တံ၊ ခဲတံ၊ ကျောင်းဝတ်စုံများနှင့် ထီးများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)