ပြည်ကြီးမဏ္ဍိုင် မေ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိဒေ သခံများအနေဖြင့် မြေအောက်ရေကို စနစ်တကျအသုံးပြု၍ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး စိုက်ပျိုးလုပ်ကိုင်ကြရာ မိသားစုစားနပ်ရိက္ခာဖူလုံမှုရှိသည့်အပြင် အပိုဝင်ငွေရရှိကြောင်းသိရသည်။
ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိ ဒေသခံများသည် တစ်နိုင်တစ်ပိုင်အဖြစ် ဟင်းသီးဟင်းရွက်စားပင် သီးနှံများ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြကြောင်းသိရသည်။စားပင်သီးပင်များစိုက်ပျိုးရာ၌သီးနှံ တစ်မျိုးတည်းစိုက်ပျိုးခြင်းအစား စားနပ်ရိက္ခာဖူလုံမှုအပြင် အပိုဝင်ငွေရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ဆလပ်၊ ပဲတောင့်ရှည်နှင့် ချဉ်ပေါင်ပင်များကို ရောနှောစိုက်ပျိုးကြကြောင်း သိရသည်။
ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်းနှင့် ပဲတောင့်ရှည် မျိုးစေ့တစ်ထုတ်လျှင် ၉၅၀၀ ကျပ်ပေးဝယ်ရပြီး ဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင် လေးလက်မခန့်အကွာ မျိုးစေ့ချ စိုက်ပျိုးရာ (၃၇)ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်သည်။ ၅ ရက်လျှင်တစ်ကြိမ် ခူးဆွတ်ပြီး တစ်ကြိမ်ခူးလျှင်အတောင့်(၅၀၀)မှ (၆၀၀)အထိ ရရှိပြီးရောင်းချရာတွင်လည်း ယခင်က အတောင့် ၁၀ တစ်စည်းလျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချရာ ယခုအခါတွင် (၁၂)တောင့် တစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ငါးသောင်းအထိ ရရှိကြောင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ တစ်ဦးထံမှသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)