သရက်ချောင်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

သရက်ချောင်း ဇူလိုင်

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ သရက်ချာင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ Grade-9 အောင် ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊  စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း‌ကျောင်း တက်‌ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က (သရက်ချောင်း)ကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်လှအေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုတို့က စက်မှုအထက်တန်းကျောင်းသို့ တက်ရောက်နိုင်ရေးနှင့် တက်‌ရောက်အောင်မြင်ခဲ့ပါက နည်းပညာတက္ကသိုလ်သို့သင်ကြားနိုင်ရေး အခွင့်အလမ်းများစွာရရှိကြောင်း၊ မွေးမြူရေးအထက်တန်းကျောင်း ရမှတ်အလိုက် မွေးမြူရေးဘွဲ့နှင့် တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့များကို တက်ရောက်သင်ကြားရမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များဖြစ်သည့် စက်မှုနှင့်ဆိုင်သော တက္ကသိုလ်များ၊ စိုက်ပျိုးရေးနှင့် ဆိုင်သော တက္ကသိုလ်များ၊ မွေးမြူရေးနှင့်ဆိုင်သော တက္ကသိုလ်များ တက်ရောက်ပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်ပါကြောင်းအသိပညာပေးဟောပြောခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူမိဘများဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)