ကလိန်အောင်မြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကလိန်အောင် ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၉ နာရီခွဲက သစ်တောဦးစီးဌာန၊ တနင်္သာရီ သဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာ/ အဖွဲ့အစည်းများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများပူးပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပကြောင်း သိရသည်။

အဆိုပါမိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ မောရဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးကျော်မင်းခန့်နှင့် တပ်ဖွဲ့ဝင်များ၊ ရတနာ-ဇောတိက လူမှုစီပွားစီမံကိန်းနှင့် ရဲတံခွန်လူမှုစီးပွားစီမံကိန်းတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ တနင်္သာရီသဘာဝကြိုးဝိုင်း လုပ်ငန်းစီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းဝန်ထမ်းများ၊ ကလိန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့်  ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောအသုံးပြုသူများအဖွဲ့ အပါအဝင် စုစုပေါင်း (၁၄၀) ဦး တက်ရောက်ခဲ့ကြပြီးပျဉ်းကတိုး (၂၅) ပင်၊ မဟော်ကနီ (၂၀၀) ပင်၊ ကံ့ကော် (၅၀) ပင်၊ ခရေ (၂၅)ပင် အပါအဝင် သစ်မျိုး (၃၀၀) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)