ခမောက်ကြီးမြို့ အခြေခံပညာအလယ်တန်း ကျောင်းတွင်သွေးလွန် တုပ်ကွေးရောဂါကြို တင်ကာကွယ်နိုင်ရေးဟောပြောပွဲဆောင်ရွက်

ခမောက်ကြီး   ဇူလိုင်  ၅      

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ အခြေခံပညာအလယ်တန်း ကျောင်း(ယုဇန)တွင်သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးဟောပြောပွဲကို ယမန်နေ့ ကဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးဟောပြောပွဲကို ကျေးလက်ကျန်းမာရေး ဌာနခွဲ ဘက်စုံသားဖွားဆရာမဒေါ်ခိုင်ယမင်းပွင့်မှ အိမ်အတွင်းအပြင်ရှိရေစည်၊ ရေအိုးများအားခြင်ပေါက် ပွားမှုရှိမရှိစစ်ဆေးခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေသိုလှောင်ကန်များ အဖုံးဖုံးအုပ်ရန် အသိပညာပေးခြင်း၊ သောက်ရေသုံးရေထည့်ထားသည့် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများ အားခြင်မ ပေါက်ပွား အောင်လဲလှယ်ပြောင်းထည့်ခြင်း၊ စွန့်ပစ်တာယာဟောင်းများ၊ ဘူးခွံများမှရေများအား သွန်ပစ်ခြင်း၊ ရေမလှယ်နိုင်သည့်အုတ်ကန်များကို ရေစစ်ဖြစ် စစ်ထုတ်ခြင်း Abate ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း စသည့်ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အင်တိုက်အား တိုက်အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း စသည့်တို့ကိုဟောပြောခဲ့ကြောင်းသိရသည်။

ခမောက်ကြီး (ပြန်/ဆက်)