မကွေးတိုင်းဒေသကြီး

တောင်တွင်းကြီးမြို့နယ်၌ G-1 ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျောင်းတွင်းအာဟာရ ချက်ပြုတ်ကျွေးမွေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် G-1 ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

မင်းဘူးမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးသုံးဆွဲရေး ပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ပလတ်စတစ်ကြွပ်ကြွပ်အိတ်များ သုံးစွဲမှုလျှော့ချရေးအတွက် ဆွေးမြေ့လွယ်သော အင်ဖက်၊ ကြာကထဖက်၊ ငှက်ပျောဖက်များအား ပလတ်စတစ်အစားထိုးသုံးစွဲရေး အသိပညာပေးခြင်းလုပ်ငန်းကို စည်ပင်သာယာမြို့မဈေးကြီးနှစ်ခု၌ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV)တုံ့ပြန်တိုက်ကျွေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV) တုံ့ပြန်တိုက်ကျွေးကြသည်။

မင်းလှမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV)တိုက်ကျွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV)ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများတွင် စတင်တိုက်ကျွေးလျက်ရှိသည်။

စလင်းမြို့နယ်အတွင်း မီးလောင်မှုမီးလန့်မှုများမဖြစ်ပွားစေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုများဖြင့် မြို့နယ်အတွင်းမီးလောင်မှုမီးလန့်မှုများမဖြစ်ပွားစေရေးနှင့် ပြည်သူများမှမီးဘေးအသိသတိရှိနေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား  ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံစေရေးလုပ်ငန်းများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးကြီးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး (၄)ခုအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးလုပ်ငန်းများကို ကြပ်မတ်စစ်‌ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

သရက်မြို့၌ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်နှင့်အဖွဲ့က ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် အိုးထိန်းမြေဓမ္မစကူးလ်သင်တန်း (၅) နှစ်ပြည့် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ ဘုန်း‌တော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အိုးထိန်းမြေဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်း (၅) နှစ်ပြည့် သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု‌လျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလပ်စတစ်အိတ်လျော့နည်း သုံးစွဲစေရန်ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာ‌ပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီက ဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး