မကွေးတိုင်းဒေသကြီး

မြို့သစ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့သစ်မြို့နယ်၊ တပ်ကုန်း(မ)ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၃)ခုတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၁၈၃ ဦး ဝင်ရောက်ဖြေဆိုမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၃)ခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၁၈၃ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်‌တင်ရေး စာဖတ်ဝိုင်း‌ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ညောင်ဝန်း)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေကောင်းများ ဖတ်ရှုလေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက်ပြီး ဗလငါးတန်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်  နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)ခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ညောင်ဝန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ G-1 ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျောင်းတွင်းအာဟာရ ချက်ပြုတ်ကျွေးမွေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် G-1 ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

မင်းဘူးမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးသုံးဆွဲရေး ပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ပလတ်စတစ်ကြွပ်ကြွပ်အိတ်များ သုံးစွဲမှုလျှော့ချရေးအတွက် ဆွေးမြေ့လွယ်သော အင်ဖက်၊ ကြာကထဖက်၊ ငှက်ပျောဖက်များအား ပလတ်စတစ်အစားထိုးသုံးစွဲရေး အသိပညာပေးခြင်းလုပ်ငန်းကို စည်ပင်သာယာမြို့မဈေးကြီးနှစ်ခု၌ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV)တုံ့ပြန်တိုက်ကျွေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV) တုံ့ပြန်တိုက်ကျွေးကြသည်။

မင်းလှမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV)တိုက်ကျွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV)ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများတွင် စတင်တိုက်ကျွေးလျက်ရှိသည်။

စလင်းမြို့နယ်အတွင်း မီးလောင်မှုမီးလန့်မှုများမဖြစ်ပွားစေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုများဖြင့် မြို့နယ်အတွင်းမီးလောင်မှုမီးလန့်မှုများမဖြစ်ပွားစေရေးနှင့် ပြည်သူများမှမီးဘေးအသိသတိရှိနေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား  ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး