ပခုက္ကူ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV) တုံ့ပြန်တိုက်ကျွေးကြသည်။
ထိုသို့ တိုက်ကျွေးရာတွင် ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများက ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွားခဲ့သော ရပ်ကွက်၊ ကျေးရွာများရှိ အသက် ၁ နှစ်နှင့် အထက် ပြည်သူလူထုရည်မှန်းဦးရေ ၂၀၁၀ ဦးအား စုရပ် ၁၀ နေရာခွဲ၍ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)