သရက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

သရက် ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူး ဦးမင်းကျော်ဟိန်းနှင့်အဖွဲ့ဝင်များက သရက်မြို့ရှိ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေး စစ်ဆေးခဲ့ကြပြီး မီးသတ်ဆေးဘူး အသုံးပြုနည်းတို့ကို့ လက်တွေ့ပြသပေးခြင်း၊ အသိပညာပေးခြင်း၊ အကြံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ဇော်ဝမ်းထွန်း(အောင်လံ)