စလင်းမြို့နယ်အတွင်း မီးလောင်မှုမီးလန့်မှုများမဖြစ်ပွားစေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

စလင်း  ဖေဖော်ဝါရီ  ၁၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုများဖြင့် မြို့နယ်အတွင်းမီးလောင်မှုမီးလန့်မှုများမဖြစ်ပွားစေရေးနှင့် ပြည်သူများမှမီးဘေးအသိသတိရှိနေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား  ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးမှ ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက စလင်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဌာနဆိုင်ရာများမှ၊ လမ်းဦးစီးဌာန၊ စာတိုက်၊ ဆက်သွယ်ရေး၊ စည်ပင်၊ စီးပွားဘဏ်တို့အား မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးခတ်၊ မီးသတ်ဆေးဗူးနှင့် ရေတွင်းရေကန်များအလွယ်တကူအသုံပြုနိုင်ရန် ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးကြိုးများသွယ်တန်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  မီးဘေးအန္တရာယ်အထူးဂရုပြုအလေးထားကြရန်၊ မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များအား လေးစားလိုက်နာကြရန်တို့ကို တာဝန်ရှိသူများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း