သရက်မြို့၌ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေး

သရက် ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်နှင့်အဖွဲ့က ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။ 

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကြိုတင်ကာကွယ်နိုင်ရေး၊ မီးသတ်ပစ္စည်းကိရိယာများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ ဆီသိုလှောင်ကန်များ၊ ပန့်များ လုံခြုံစိတ်ချမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြပြီး မီးသတ်ဆေးဘူး အသုံးပြုနည်းတို့ကို့ လက်တွေ့ပြသပေးခြင်း၊ အသိပညာပေးခြင်း၊ အကြံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ဇော်ဝမ်းထွန်း(အောင်လံ)