မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ ဖြေဆိုပြီးစီး
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသား ကျောင်းသူများ၏ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က စတင်ဖြေဆိုရာ ယမန်နေ့တွင် ဘာသာရပ်အားလုံးဖြေဆိုပြီးစီးကြောင်း သိရသည်။