ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၄၅၈)ဦး ဝင်ရောက်ဖြေဆိုမည်

ငဖဲ ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့ ထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၄၅၈)ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း ငဖဲနှင့် ပဒါန်းစာစစ်ဌာန(၂)ခုတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ STEAMS(1)၊ STEAMS(2) နှင့် STAMS (1) ဘာသာတွဲများအလိုက် ငဖဲစာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ အတွင်းဖြေ(၈၉)ဦး၊ အပြင်ဖြေ (၁၂)ဦး  စုစုပေါင်း(၁၀၁)ဦး၊ ပဒါန်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေ(၃၂၆)ဦး၊ အပြင်ဖြေ(၃၁)ဦး စုစုပေါင်း(၃၅၇)ဦး စာစစ်ဌာန(၂)ခုတွင် ဖြေဆိုသူပေါင်း(၄၅၈)ဦး ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို အတွင်းဖြေ ကျောင်းသား ကျောင်းသူများက မိမိတက်ရောက်နေသည့် ကျောင်းများတွင် ထုတ်ယူကြပြီး အပြင်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများက မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ယူလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)