မြို့သစ်မြို့၌မြို့နယ် ပညာရေးမှူးရုံးအဆောက်အဦးသစ် RCC (၂)ထပ်ဆောင် ဆောက်လုပ်ခြင်း(၈၀)ရာခိုင်နှုန်းခန့် ပြီးစီး

မြို့သစ် ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးအဆောက်အဦသစ် (၁၀၀×၃၀) RCC(၂)ထပ်ဆောင်အသစ်ဆောက်လုပ်လျက်ရှိရာ ယနေ့အချိန်အထိ တည်ဆောက်ရေးလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့သစ်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး(၁၀၀×၃၀) RCC (၂) ထပ်ဆောင် အဆောက်အဦးသစ် တည်ဆောက်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ တိုင်းဒေသကြီး ရန်ပုံ ငွေ (၃၃၀ ဒဿမ ၀၀) ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သည့် ULTRA Company Limited ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ(၈၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးနိုင်ရေးတို့ကိုလည်း မြို့နယ်အရည်အသွေးစစ်ကော်မတီ၊ ပညာရေးဦးစီးဌာနနှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးတာဝန်ခံတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက် )