နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲစိုက်ဧက (၁၈၅၀)စိုက်ပျိုးလျက်ရှိ

နတ်မောက် ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ (၁၈၅၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် သီးနှံအထွက်နှုန်းများ တိုးတက်စေရန် လိုအပ်သော စိုက်ပျိုးရေးသွင်းအားစုများထည့်သွင်းခြင်းနှင့် ပိုးမွှားရောဂါမကျရောက်စေရေး ကြိုတင်ကာကွယ်နှိမ်နင်းခြင်း စသည့်လုပ်ငန်းများကို ဒေသခံတောင်သူများက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲသီးနှံ (၁၃၆၉ )ဧက စိုက်ပျိုးရန်လျာထားပြီး သတ်မှတ်စိုက်ဧက ပြည့်မီစေရန်အတွက် ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် အောင်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ကုလားပဲသီးနှံ (၁၈၅၀)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ရာ မြို့နယ်နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများကလည်း ပိုးမွှားရောဂါမကျရောက်အောင်ကြိုတင်ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ သီးနှံများ စိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်အောင်စိုက်ပျိုးနိုင်ပါက ဒေသအတွင်းစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုလည်း ရောင်းချနိုင်သဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းစိုက်ပျိုးရမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာဦးစီးမှူးက ပြောကြားခဲ့သည်။

လှဝင်း