နတ်မောက်မြို့နယ်၌ ဆောင်းသီးနှံမျိုးစုံ (၄၃၄၈၂) ဧက စိုက်ပျိုးပြီးစီး

နတ်မောက် ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ(၄၃၄၈၂)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ဒီနှစ်ဆောင်းရာသီ သီးနှံစုံစိုက်ပျိုးဖို့(၂၇၄၅၅)ဧက လျာထားပြီး လက်ရှိအချိန်ထိ(၄၃၄၈၂)ဧက စိုက်ပျိုးပြီးဖြစ်ရာစိုက်ပျိုးရာတွင် ချောင်းရေနဲ့မြေအောက်ရေတင်စိုက်ပျိုးပြီး သီးထပ်သီးညှပ်စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ဆွေးနွေးလျက်ရှိပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။ နတ်မောက်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံမျိုးစုံများဖြစ်သည့် ပဲကြီး၊ ပဲနောက်၊ ကုလားပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ချည်မျှင်ရှည်ဝါ၊ ငရုပ်၊ ခရမ်းချဉ်၊ ကြက်သွန်နှင့်အခြားသီးနှံစုံများ စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။

လှဝင်း