မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးတတ်မြောက်မှုစစ်​ဆေးခြင်းစာမေးပွဲ ဖြေဆိုပြီးစီး

မြို့သစ် ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသား ကျောင်းသူများ၏ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က စတင်ဖြေဆိုရာ ယမန်နေ့တွင် ဘာသာရပ်အားလုံးဖြေဆိုပြီးစီးကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း (၁၉၃) ကျောင်းတွင် အခြေခံပညာမူလတန်းအဆင့် Grade-4 တွင် ဖြေဆိုသူ (၃၅၅၁) ဦး၊ အခြေခံပညာအလယ်တန်းအဆင့် Grade-6 မှ Grade-8တွင် ဖြေဆိုသူ (၅၉၇၄) ဦး၊ အခြေခံပညာအထက်တန်းအဆင့် Grade-10 မှ Grade-12 တွင် (၃၉၀၈) ဦး စုစုပေါင်းဖြေဆိုသူ ကျောင်းသား ကျောင်းသူ (၁၃၄၃၃) ဦးရှိပြီး (Grade-5) နှင့် (Grade-9) ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများ၌ မတ်လ (၃) ရက်နေ့တွင် စတင်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)