မကွေးတိုင်းဒေသကြီး

ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပြည်သူများစားဝတ်နေရေးအဆင်ပြေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ယနေ့ နံနက်၉နာရီခွဲအချိန်က တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးကြသည်။

ပွင့်ဖြူမြို့နယ်တွင် ‌ကျေးရွာနေပြည်သူများ လျှပ်စစ်ဓာတ်အန္တရာယ်ကင်းဝေးစေရန် ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက  ဒေသခံကျေးလက်နေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန်အတွက် မေ ၃၀ ရက် ၊ နံနက်ပိုင်းက  လျှပ်စစ်ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဇီးကျွန်းကျေးရွာသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့သစ်မြို့၊ မြို့မစျေးကြီး၌ အသားဆိုင်များသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချရန်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ဝက်၊ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိလိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် လူ‌နေအိမ်ပေါ် သစ်ပင်လဲကျနေမှုအား မီးသတ်တပ်ဖွဲ့ဝင်များက ကူညီခုတ်ထွင်ရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ လူနေအိမ်ပေါ်တွင် သစ်ပင်လဲကျမှု ပိမိနေကြောင်း သိရ၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ပြီး ကူညီခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သရက်မြို့၌ သရက်ခရိုင် ပြည်သူ့‌ဆေးရုံ ကျောက်ကပ်သွေးသန့်စင် ဌာနအတွက် အလှူငွေ (၁၀) သိန်းကျပ် ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင်၊ ပြည်သူ့‌ဆေးရုံ ကျောက်ကပ်သွေးသန့်စင် ဌာနအတွက် အလှူငွေ (၁၀) သိန်းကျပ်ပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းဘူး (စကု) မြို့နယ်၌ ယခုရက်ပိုင်း မိုးများအဆက်မပြတ် ရွာသွန်းမှုများကြောင့် နှမ်းသီးနှံစိုက်ခင်း ဧကပေါင်း ၇၄၀ ကျော် ရေကြီးနစ်မြုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း မိုးများ အဆက်မပြတ်ရွာသွန်းပြီး ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများအတွင်း မိုးရေများ ဝင်ရောက်မှုများကြောင့် နှမ်းသီးနှံစိုက်ခင်း ဧကပေါင်း ၇၄၀ ကျော် ရေကြီးနစ်မြုပ်မှုဖြစ်ပွား လျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်မှုကော်မတီထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက ယခုနှစ်မိုးရာသီတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် လူထုဖြန့်အစီအစဉ်ဖြင့် ပျိုးပင်ပေါင်းလေးသောင်း အခမဲ့ ဖြန့်ဝေစိုက်ပျိုးသွားမည်

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၅ ခုနှစ်  မိုးရာသီတွင် ဒေသတွင်းသဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ သဘာဝတောများကောင်းမွန်စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့်ကြုံတွေ့ရသည့်သဘာဝဘေးအန္တရာယ်နှင့်  ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် လူထုဖြန့်အစီအစဉ်ဖြင့် ပျိုးပင်ပေါင်းလေးသောင်း အခမဲ့ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စွာမြင့်ဦးထံမှ သိရသည်။

ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးဈေးကွက်ခိုင်မာမှုကြောင့် အရောင်းအဝယ်ပုံမှန်လည်ပတ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးများ ပြည်တွင်းဈေးကွက်ခိုင်မာမှုကြောင့်  အရောင်းအဝယ်ပုံမှန်လည်ပတ်လျက်ရှိကြောင်း မြို့ပေါ်ရှိ ရွှေရည်ဝင်းသနပ်ခါးလက်လီလက်ကားပွဲရုံမှ သိရသည်။

ပခုက္ကူမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပိတောက်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဂန့်ဂေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ) ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး