ပွင့်ဖြူ မေ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက ဒေသခံကျေးလက်နေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန်အတွက် မေ ၃၀ ရက် ၊ နံနက်ပိုင်းက လျှပ်စစ်ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဇီးကျွန်းကျေးရွာသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင် ဦးဆောင်၍ ဝန်ထမ်းများပူးပေါင်းအဖွဲ့က ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးထားသော ဇီးကျွန်းကျေးရွာ ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး လျော့ကျနေသော ဓာတ်အားလိုင်းကြိုးများကို ပြန်လည်ပြုပြင်ခြင်း၊ ကြွေသီးများအသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက ဒေသတွင်းရှိပြည်သူများ လျှပ်စစ်ဗို့အား ပြည့်ဝစွာသုံးစွဲခွင့်ရရှိရေးအတွက် ယခုကဲ့သို့ ဓာတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ကွင်းဆင်းစစ်ဆေး ပြုပြင်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာများကိုလည်း လျှပ်စစ်မီးသုံးစွဲနိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ထို့အပြင် ပြည်သူများလျှပ်စစ်မီးသုံးစွဲရာ၌ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် လျှပ်စစ်မီးများစနစ်တကျသုံးစွဲတတ်စေရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်က ပြောပြ၍သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)