မြို့သစ်မြို့၊ မြို့မစျေးကြီး၌ အသားဆိုင်များသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချရန်စစ်ဆေး

မြို့သစ် မေ ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ဝက်၊ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိလိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက ပြည်သူများဝယ်ယူစားသုံးနိုင်ရန်အတွက် အမဲသား၊ဝက်သား၊ဆိတ်သားဈေးနှုန်းများသတ်မှတ်၍ အသားရောင်းချသည့်ဆိုင်ရာများတွင် ဗီနိုင်းပိုစတာဖြင့် ချိတ်ဆွဲထားရှိပြီး ဈေးတာဝန်ခံဝန်ထမ်းများက စဉ်ဆက်မပြတ်Hand Speakerဖြင့် ကြေညာပေးလျက်ရှိပြီး ဒေသခံပြည်သူများ အမဲ သား၊ဝက်သားနှင့်ဆိတ်သားများကို သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူစားသုံးနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း စျေးတာဝန်ခံတစ်ဦးထံကသိရသည်။

သန်းဝင်းထွန်း