ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကျင်းပ

ပွင့်ဖြူ ဇွန်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက် ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ဖြေဆိုကျင်းပရာ ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့် အခြေပြုမူလတန်း စသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၂၂) ပါး ကြွရောက်ဖြေဆိုခဲ့ကြောင်း သိရကာ ဖြေဆိုရန် ပျက်ကွက်သည့် ရဟန်း၊ သီလရှင် (၇) ပါးရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ကာ စာမေးပွဲသို့ ကြွရောက်ကြီးကြပ်တော်မူသော မြို့နယ်သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၊ စာမေးပွဲဖြေဆိုကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် စေတနာ အလှူရှင်များက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း အပါအဝင် ဆွမ်းဝေယျာဝစ္စနှင့် စားသောက်ဖွယ်ရာ အချိုပွဲများ  ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )