ပခုက္ကူတက္ကသိုလ်၌ ဘွဲ့ကြိုနှင့် ဘွဲ့လွန်နေ့သင်တန်းများ စတင်ဖွင့်လှစ်သင်ကြား

ပခုက္ကူ ဇွန် ၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုနှင့် ဘွဲ့လွန်နေ့သင်တန်းများကို ဇွန်လ ၂ ရက် နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယပညာသင်ကာလနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမပညာသင်ကာလသင်တန်း ဘွဲ့ကြိုနှင့် ဘွဲ့လွန် နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)