ပခုက္ကူ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ပခုက္ကူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရည်ဇင်ငြိမ်းက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်၊ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးပြုန်းတီးရသည့် အကြောင်းရင်းများ၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့နှင့်ပတ်သက်၍ နှစ်စဉ်ဆောင်ပုဒ်များသတ်မှတ်ပြီး အကောင်အထည်ဖော်လှုပ်ရှား ဆောင်ရွက်နေမှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် နည်းလမ်းများ အကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်နှင့် ဝန်ထမ်းများ၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်သန္တာယုနှင့်ဝန်ထမ်းများ၊ မိသားစုဝင်ငွေတိုး အခြေခံစက်ချုပ်သင်တန်းနှင့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်စာအုပ်နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)