ဆိပ်ဖြူ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်များကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်ရွက်ပေးခဲ့သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေး(ဆိပ်ဖြူ)ဘဏ်ခွဲက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် မိုးသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း (၇၀၀)ဖြင့် မိုးစပါး (၁၅၀) ဧက၊ အခြားသီးနှံ (၄၇၅) ဧက မိုးသီးနှံစိုက်ပျိုးဆောင်ရွက်မည့် တောင်သူများအတွက် လျားထားဆောင်ရွက်ခဲ့ပြီး ဒေသခံတောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရခြင်းရည်ရွယ်ချက်များ၊ မိသားစုဝင်ငွေတိုးပွားစွာရရှိနိုင်ရေးအတွက် စိုက်ပျိုးထုတ်ကုန်များ မြင့်မားတိုးတက်ရေးနှင့် သီးထပ်များတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး ဆောင်ရွက်သွားရန် တိုက်တွန်းအားပေးစကားများပြောကြားပေးပြီး မြင်ကဝကျေးရွာ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မည့်တောင်သူများအတွက် မိုးစပါး (၁၂၀) ဧက၊ အခြားသီးနှံ (၈၄) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၂၆၄) သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)