ပွင့်ဖြူမြို့နယ်၌ မိုးရွာသွန်းသဖြင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၇ ဒသမ ၈ ပေခန့် ရေကျော်ကျ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထားရသော ကြီးအုံကြီးဝတမံမှာ ယခုရက်ပိုင်း မိုးများရွာသွန်းလျက်ရှိမှုကြောင့် တမံအတွင်း ရေဝင်ရောက်မှုတိုးလာခဲ့ပြီး ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တမံရေပိုလွှဲမှ ၇ ဒသမ ၈ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း သိရသည်။