ငဖဲမြို့နယ်တွင် မိုးစပါးနှင့်အခြားမိုးသီးနှံစုံ ၂၅၃၆၉ ဧက စိုက်ပျိုးပြီးစီး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးရာသီ၌ မိုးစပါးနှင့်အခြားမိုးသီးနှံစုံ ၄၀၂၃၀ ဧက လျာထား၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ထိ မိုးသီးနှံစုံ ၂၅၃၆၉ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။