မကွေး ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက နိုင်ငံတာ်မှရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ အပြည့်အ၀ကောက်ခံရရှိရေးအတွက် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဩဂုတ်လ ၉ ရက်နံနက်ပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးအစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းက အမှာစကားပြောကြားပြီး မကွေးမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က တက်ရောက်လာသည့် အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး အခွန်ထမ်းပြည်သူများသိလိုသည့် မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားပေးသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မကွေးမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)