မင်းဘူး ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၌ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တောင်ရပ်ကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီက စကုမြို့အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ကွင်းအတွင်း ပြိုင်ပွဲဝင်အားကစားအသင်းများက ကွင်းအတွင်းနေရာယူပြီး နိုင်ငံတော်အလံအား အလေးပြု၍ အားကစားဓိဌာန်(၄)ချက် ရွတ်ဆိုပြီး စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးက အဖွင့်အမှာစကားပြောကြားကာ တာဝန်ခံကျောင်းအုပ်ဆရာကြီးက ကျောင်းသား လူငယ်အားကစားသမားများအား ဩဝါဒစကားပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရာ အလောင်းဘုရားအသင်းက ဘုရင့်နောင်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။ ဘောလုံးပြိုင်ပွဲကို စကုမြို့အားကစားကွင်း၌ အသင်း(၅)သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဂုတ်လ ၁၁ ရက်နေ့မှ ဩဂုတ် ၁၈ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကာ ကျောင်းသားလူငယ် ဘောလုံးပြိုင်ပွဲအား ရပ်ကွက်အတွင်းမှ အားကစားဝါသနာရှင်များ၊ အားကစားကို စိတ်ပါဝင်စားသူများ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)