မကွေးတိုင်းဒေသကြီး

တောင်တွင်းကြီးမြို့၌ မြို့နယ်သန့်ရှင်းသာယာလှပစေရေး ပန်းအလှပင်များ စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ လမ်းဘေးဝဲ/ယာတလျှောက် အမှိုက်သရိုက်များရှင်းလင်းခြင်းနှင့် အရိပ်ရပင်များ၊ ပန်းအလှပင်များစိုက်ပျိုးခြင်းလုပ်ငန်းများကို‌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီက ပြည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဏ္ဏဝတီလမ်းဘေးတလျှောက်တို့တွင် စက္ကူပန်းအလှပင်များစိုက်ပျိုးခြင်း၊ တောင်တွင်း-မကွေးလမ်းရှိ မြို့အဝင်ဆိုင်းဘုတ်အနီး လမ်း‌ဘေးဝဲ/ယာတွင် သပြေဘူတပန်းပင် (၁၀၀)ပင် စိုက်ပျိုးခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မောင်မင်းစိုးရေးသားသည့် “လူငယ်နဲ့လူမှုရေး” လူငယ်လမ်းညွှန်ဆောင်းပါးများစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ပေးရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများကို UID ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားမိဘပြည်သူများကို UID ကတ် ကိုင်ဆောင်ခွင့်ရရှိစေရန် ယမန်နေ့က မြန်မာ့စီးပွားရေးဘဏ်ရုံးသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သရက်မြို့၌ လျှပ်စစ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက မြို့မဈေးရှေ့တွင် လူသွားလူလားများအား ဆောင်ရွက်ခဲ့ပါသည်။

စလင်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များဖြင့်ပူးပေါင်း၍ ကလောင်စုံရေးသားသည့် “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။         

အောင်လံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်လံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး