သရက်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

သရက် ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့တွင် အင်းမငယ်ကျေးရွာအုပ်စု၊ ပေါက်ပင်ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြိူ့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစန်းဦး၊ သရက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသန့်ဇင်မင်းတို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးကြမည့် မဲဆန္ဒရှင်မိဘပြည်သူများအနေဖြင့် မဲပေးရာတွင် ဘောပင်ဖြင့် အမှန်ခြစ်ခြင်း၊ တံဆိပ်တုံးထု၍ မဲပေးခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုတော့ဘဲ အီလက်ထရောနစ်မဲပေးစက်ကိုအသုံးပြု၍ ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ကြောင်းနှင့် မဲပေးစက်သည် မြန်မာနိုင်ငံ၌ ထုတ်လုပ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ မြန်မာနိုင်ငံ၌ ကိုက်ညီသည့် မြန်မာအီလက်ထရောနစ်ဒီဇိုင်းပုံစံကို တီထွင်ထားသည့် မဲပေးစက်ဖြစ်ကြောင်းနှင့် မဲပေးစက်နှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ကျေးရွာနေပြည်သူ (၁၅၀)ဦးခန့်က မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာများ လက်တွေ့အသိပညာပေးပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အလားတူ ပိတောက်ပင်ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူ (၂၀၂)ဦးခန့်ဖြင့် လက်တွေသရုပ်ပြသ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)