မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) Unique Identity ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဖြင့် ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင် ပြုလုပ်ပေးလျက်ရှိသည်။

ပခုက္ကူမြို့၊ ကိုယ်ပိုင်အထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကင်းဝေးစေရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ CMEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ယနေ့နံနက် ၁၀ နာရီအချိန်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီ အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြို့နယ်စုပေါင်းရုံး၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာ၀န်ကြီး ဦးအောင်ချိန်၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှုး ဒေါ်စန်းစန်းနု၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ၊ မကွေးတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့သည်။

ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ဌာနများ၏ အပတ်စဉ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ဌာနများ၏ အပတ်စဉ်သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၆၀၈၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၆၀၈၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးသီးနှံများ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နယ်ဇောကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ယနေ့နံနက်ပိုင်းက  ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဒိုင်း အလွတ်တန်း ဖိတ်ခေါ် ရှုံး/ထွက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဒိုင်း အလွတ်တန်း ဖိတ်ခေါ် ရှုံး/ထွက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်သည်။

ပခုက္ကူမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြော၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ကြသည်။

ကံမမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က (ကံမ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့ပေါ်ရပ်ကွက်၌ ကိုယ်ထူကိုယ်ထ လမ်းသစ်နှစ်လမ်း ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ရပ်ကွက်ခြင်းဆက် လမ်းသစ်တစ်လမ်းနှင့် အနောက်ပိုင်းရပ်ကွက် လမ်းသွယ်တစ်လမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး