ရေနံချောင်း ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးအန္တရာယ်ကျရောက်နိုင်သည့်အတွက် မာန်မြေကျေးရွာအုပ်စုနှင့် ပင်းဝကျေးရွာအုပ်စုတို့မှ ကြိုတင်ပြောင်းရွေ့ခဲ့ကြသည့် အိမ်ခြေ ၁၀ လုံးနှင့် အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေများကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မာန်မြေကျေးရွာအုပ်စု မိန်းမလှကျွန်းကျေးရွာ၊ မာန်မြေကျေးရွာ(မြောက်စု)နှင့် ပင်းဝကျေးရွာအုပ်စု ပင်းဝကျွန်းကျေးရွာတို့မှ မြစ်ကမ်းပြိုဘေးကြောင့် ရေဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွေ့ခဲ့ကြသည့် အိမ်ခြေ ၁၀ လုံး၊ အိမ်ထောင်စုဝင် ၄၂ ဦးတို့အတွက် ဆန်ရိက္ခာဖို့နှင့် ပြောင်းရွေ့စရိတ်ထောက်ပံ့ငွေ စုစုပေါင်း ၁၂၁၀၀၀၀ ကျပ်ကို ကျေးရွာတာဝန်ခံနှင့် ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)