မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ် မှိုက်ပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဌမစက်ဝန်း ထုတ်ချေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက  မှိုက်ပင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့သစ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု မရှိစေရေးနှင့် အစားထိုး သုံးစွဲနိုင်ရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံး ပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာ ဆောင်ရွက်မှုရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်" မြို့မဈေးအတွင်း ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချရေးအသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေးအသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းကို  ယမန်နေ့ နံနက်က အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့နယ်တွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ထယ်ထိုးမြှုပ်နှံခြင်းသရုပ်ပြပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ထယ်ထိုးမြှုပ်ပ်နှံခြင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်ရှိ တောင်သူ ဦးမြင့်ကိုကို၏ စိုက်ခင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသည့် တောင်သူများ တက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ နွေရာသီဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ‌မြို့အခြေခံပညာအထက်တန်းကျောင်း၏ နွေရာသီ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မင်းလှမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒသကြီး ၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ ဖြေဆိုအောင်မြင်မှု ၃၉ ဒဿမ ၇၃ ရာခိုင်နှုန်းအောင်မြင်

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် ကြေညာခြင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း ငဖဲမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၃၅.၁၅ ရာခိုင်နှုန်းအောင်မြင်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ၌ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၃) ခုမှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုအောင်မြင်သူများအား ယနေ့နံနက်ပိုင်းက အ-ထ-က(ဆင်ပေါင်ဝဲ)နှင့် စာစစ်ဌာနအသီးသီးတွင်ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း  ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီအေးခိုင်တို့က မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး