ပွင့်ဖြူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေခြင်းများဆောင်ရွက်

ပွင့်ဖြူ ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စွာဆန္ဒမဲပေးနိုင်ရန်အတွက် ရည်ရွယ်ဆောင် ရွက်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်ခြင်းကို ဩဂုတ် ၂၉ ရက်၊ မွန်းလွဲ ၃ နာရီက ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည်။

အခမ်းအနားတွင် ဦးစွာ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးလင်းလင်းအောင်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း အဆင်ပြေစွာဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာအီလက်‌ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဦးစီးအရာရှိဒေါ်တဉ္ဇာစိုးက မြန်မာအီလက်‌ထရောနစ်မဲပေးစက်အသုံးပြုနည်းနှင့် မဲပေးပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဒေါ်တဉ္ဇာစိုးနှင့်ဝန်ထမ်းများက ကံသာကြီးကျေးရှိ မဲဆန္ဒရှင်ပြည်သူများကို မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်ပေးရာတက်ရောက်လာကြသူများကစိတ်ပါဝင်စားစွာ ကိုယ်တိုင်ကိုယ်ကျဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မဲပေးစက် Printer မှ ထွက်ရှိလာသည့်စာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် မှန်၊ မမှန် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များစိစစ်၍ မဲရလဒ်ထုတ်ပြန်ခြင်းများ သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)