ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean & Green School) အဖြစ် စိစစ်ရွေးချယ်နိုင်ရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် သန့်ရှင်းသပ်ရပ်၍ စိမ်းလန်းစိုပြည်သောကျောင်း(Clean & Green School) အဖြစ် စိစစ်ရွေးချယ်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ပညာရေးမှူးရုံးမှတာဝန်ရှိသူများနှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များသည် ဇူလိုင်လ(၂၅)ရက်နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့ပေါ်ရှိအခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း(၆) ကျောင်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြသည်။