ကန့်ဘလူ ဇွန် ၁၉
လမင်းစီမံချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန် ၁၇ ရက်က ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကန့်ဘလူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးလေးဆွေနှင့်ဝန်ထမ်းများက အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ် နေ့ချင်းပြီးဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းလမင်းစီမံချက်ဖြင့်အကျုံးဝင်သည့် အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား ၅၉ ဦး၊ ကျောင်းသူ ၄၁ ဦး စုစုပေါင်း ၁၀၀ ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)